ကဗျာတော့အဓိပယ်တော့မရှိဘူး ဒါပေမဲ့ ဘောလ့်ကိုလာလည်ပေးဖို့ အမြဲတမ်းကြိုဆိုပါတယ်

“အရာရာတိုင်း”

မင်းပြောသမျှ

ငါခေါင်းညိတ်ခဲ့ဖူးတယ်….

မင်းတောင်းဆိုသမျှ

ငါလိုက်လျော့ခဲ့ဖူးပါတယ်…

မင်းအလိုရှိသမျှကို

ငါဖြည့်ဆည်းပေးခဲ့ဖူးပါတယ်..

မင်းဝမ်းနည်းလို့ 

စိတ်ဓာတ်ကျတိုင်း

ငါအနားမှာ ရှိနေခဲ့ဖူးပါတယ်…

မလာနဲ့ လို့ ပြောလာတိုင်း

အနားကနေထွက်ခွာခဲ့ပေးဖူးပါတယ်…

ဒါပေမဲ့ ချစ်သူရယ်

ငါ့ရဲ့ ပေးဆပ်မူတွေကို

လှလှပပ

ဖိတ်စာလေးတစ်စောင်က

ငါနှလုံးသားတစ်စုံကို

အပြီးအပိုင် ချုပ်ပိတ်

မင်းနဲ့ အဝေးဆီကို

ငါလွင့်စင်ခဲ့ရပါတယ်။