ကဗျာတော့အဓိပယ်တော့မရှိဘူး ဒါပေမဲ့ ဘောလ့်ကိုလာလည်ပေးဖို့ အမြဲတမ်းကြိုဆိုပါတယ်

"ဆုံမှတ် တစ်ခုနှင့် ဝေးရာဆီ"

ချစ်သူရေ…..

အချစ်ဆိုတာ ငါတို့အတွက်

အစိမ်းသက်သက် မဟုတ်ခဲ့ဘူးနော်

ဒါပေမဲ့ဟာ

နင့်နှင့် ငါ့ရဲ့အချစ်တွေက

တစ်ယောက်ကိုတစ်ယောက်

ယုံကြည်မှုတွေ ကင်းမဲ့

တယက် ချစ်ရဲ့လားလိုက သံသယတွေဝင်

တကယ်ဆိုရင်

နင့်ရောငါပါ သိထားရမှာက

ပုံအောပြီး ချစ်ခဲ့တဲ့

ငါတို့ရဲ့ အချစ်တွေကြောင့်လေ

အချိန်တွေကိုသာ

နောက်ပြန် ဆုတ်ခိုင်းလို့ရရင်

အခုလို ကမ္ဘာကြီးရဲ့

အစွန်း တစ်ဖက်ဆီမှာ

တို့နှစ်ယောက် ရှိနေမှာလား…..