"ချစ်တယ်"

ငါသိပ်ချစ်တဲ့မင်းကို....ငါပိုင်ဆိုင်ချင်တာ
အပြစ်လို့ ဆိုနိုင်မှာလား ချစ်သူရယ်..
အမှန်အတိုင်းပြောရရင်...စွန့် လွတ်ခြင်းဆိုတဲ့
မြင့်မြတ်တဲ့နှလုံးသားနဲ့ ငါမင်းကို
မချစ်နိုင်ခဲ့ရိုးမှန်ပါတယ်...
(ဒါပေးမဲ့)ငါ့အချစ်က မမြင့်မြတ်ပေမယ့်
မယုတ်ညံ့တာတော့အမှန်ပါဘဲ ချစ်သူရယ်...
စဉ်းစားကြည့်ပေါ့လေ
အချစ်ဆိုတာဘယ်လို Formula ကနေ
စတင်ပေါက်ဖွားလာသလဲဆိုတာ
ဘယ်အချစ် philosopher ကမှဖွင့်ဆိုမထားဘူး...
ဖွင့်ဆိုချက်တွေရှိခဲ့ရင်လည်း
တိကျတဲ့နိယာမကို
ဘယ်သူမှ အတိအကျမပြောနိုင်ပေမယ့်
ငါကတော့ ငါ့စိတ်ထဲရှိရာပြောမယ်...
မင်းနားထောင်ကြည့်ပေါ့
အချစ်ဆိုတာ ဆန်းကြယ်မှုကိုဖြစ်စေတယ်
ပူလောင်မူကိုလည်းပေးစေတယ်
အေးမြမူကိုလည်းရစေတယ်
နိဂုံးကတော့ ပိုင်ဆိုင်ချင်တဲ့
လူ့ မနောကိုဖြစ်ပေါ်စေတယ်လေ....