"လိပ်ပြာကလေးရဲ့မူ"
တောင်ပံခတ်သံ မကြာပေမဲ့
မရပ်မနားပျံသန်းနေတဲ့
ရွှေလိပ်ပြာကလေးရယ်
ဝါးရုံပေါ်မှာနား နားမှန်းမသိ
ဝတ်ရည်ကိုစား စားမှန်းမသိ
တောကြိုအုံကြား ပျံလို့သွား
သွားမှန်းမသိ
ပြင်းထန်တဲ့ တောင်ဟုန်နဲ့
ဂဠုန်ဌက်နဲ့မတူ
ကိုယ့်ဘက်ကိုယ်ယက်
ကိုယ့်ဌက်မှ ဌက်ဆိုတဲ့
ကျီးနက်နဲ့လဲမတူ
နေ့အခါအိပ်စက်
ညကျမှ အပြင်ထွက်တဲ့
ဇီးကွက်နဲ့လဲ မတူ
လိပ်ပြာကလေး
ကိုယ့်အသွေး ကိုယ်အရောင်
ကိုယ့်အတောင်ကလေး တဖျတ်ဖျတ်
ယပ်ခတ်လို့ အလံထူ
သူ့မူနဲ့သူ။ ။