တစ်သက်တာ နှစ်သိမ့်မှု
သိစိတ်က ငြင်းဆန်နေရင်းနှင့်
မသိစိတ်က တဖြည်းဖြည်းငြိတွယ်လာခဲ့တယ်
ဦးနှောက်က လက်မခံဖို့ဆုံးဖြတ်နေသလောက်
နှလုံးသားက အနက်ရှိုင်းဆုံးချစ်နေမိပြန်ရော
သတိမရဖို့ ဇွတ်အတင်းမေ့ထားတဲ့ကြားက
ဆွတ်ကျင်တဲ့ အလွမ်းတွေကိုဘယ်လိုတာဆီးရမလဲ
မဖြစ်နိုင်မှန်း သိပါလျက်နှင်
အနာဂတ်ကို ပုံဖော်နေမိပြန်တယ်
ခက်တယ်ကွယ်……
နှလုံးသားက ဦးနှောက်လိုမဆင်ခြင်တတ်
ဦးနှောက်က နှလုံးသားလိုမချစ်တတ်နှင့်
တကယ်ဆို
ပိုင်ဆိုင်ခွင့် ပေးနိုင်ဖို့ဝေးလို့
ဖွင့်ဟခွင့်လေးတောင် မရနိုင်တော့တဲ့ဘ၀မှာ
တစ်သက်တာ အတွက်
တိုးတိတ်စွာ လွမ်းရင်း
နှုတ်ဆိတ် ကျေနပ်နေပါ့မယ်