ကဗျာတော့အဓိပယ်တော့မရှိဘူး ဒါပေမဲ့ ဘောလ့်ကိုလာလည်ပေးဖို့ အမြဲတမ်းကြိုဆိုပါတယ်

"မဆုံနိုင်တဲ့မျဉ်းပြိုင်"


လောကကြီးမှာ ဖြစ်ချင်တိုင်းလဲ မဖြစ်ရ

မဖြစ်ချင်တာကိုဘဲ ဖြစ်လာတဲ့အခါ

မင်းဘယ်လိုလုပ်မလဲ

မင်းငါရင်ခွင်ကနေ နောက်ထပ်ရင်ခွင်တွေ

ပြောင်းသွားလဲ မင်းအငွေ့အသက်တွေ

ရှိနေအုံးမှာပါ

မျဉ်းပြိုင်နှစ်ကြောင်းဟာ

ဘယ်တော့မှ မဆုံဘူးလို့

သင်္ချာသီအိုရီတွေက သတ်မှတ်ထားလို့

ဒို့နှစ်ယောက်လည်း

မျဉ်းပြိုင်တွေပေါ်

သွားကြည့်နေတော့

ဆုံနိုင်စရာလမ်းက ၀ိုးတ၀ါးဘဲ

ငါတွေ့နေရတယ်

မင်းကို ငါမပြောရက်လို့

တယုတယနဲ့ ထားထားတာကို

တစ်ခြားသူတစ်ယောက်က

အလွယ်တကူပြောပြီး

မင်းအချစ်ကိုယူသွားတာ

ငါမှာ ဘာပြောပိုင်ခွင့်များ ရှိလို့လဲ

ချစ်သူရယ်

မိုးည