အလွမ်း ကဗျာ
ပြန်တမ်းတတိုင်းလည်း
လွမ်းချင်တိုင်း လွမ်းခဲ့ရတဲ့ နေ့တွေ….
လမ်းတွေ အတူတူလျှောက်
ခရေအတူတူ ကောက်ခဲ့တဲ့ ညနေ…
ပြန်လိုချင်ပေမဲ့
အကြိမ်တစ်ရာမက စောင့်စား
မျှော်လင့်ချက်များကတော့
မရေရာမို့
ဘယ်လိုပဲနေပါစေ….
ချစ်ရသူ ရင်ခွင်
တစ်ကမ္ဘာ ထင်ပြီး
ပျော်ခဲ့သူ နှလုံးသားမှာ
အရူံးတွေ ထပ်လာပေမဲ့
အပြုံးတွေသာ ထင်စေခဲ့တယ်။
အဲဒီလိုနှင့်
မြင်နေတဲ့ ချစ်ခြင်း
အရာမယွင်းခဲ့လို့
ရေးမိတဲ့ အလွမ်းကဗျာ
သခင့်ရင်မှာ..
မြင်သာစေချင်တယ်။